Singapore သို့ အကြောင်းကြောင်းကြောင့် လာချင်သော သူငယ်ချင်းများအတွက်။  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။

မိတ်ဆွေ သူငယ်ချင်းများ က နိုင်ငံရပ်ခြားသွားချင်ကြပါတယ်။ ပထမဆုံး ခြေလှမ်းကတော့ Singapore ပေါ့ ။ တချို့  ကလဲ Visit Visa နဲ့လာပြီး အလုပ် လာရှာကြပါတယ်။ အဆင်ပြေသွားတဲ့လူ ရှိသလိုအဆင်မပြတဲ့ လူတွေလဲ ရှိပါတယ်။

သက်ကြီးရွယ်အိုများ ထားတဲ့ Home for age တွေမှာတော့ Nursing field ကလူတွေ Work Permit နဲ့ လုပ်ကြပါတယ်။ အကြမ်းအားဖြင့် Agent fees က 1500 S$ နဲ့ 2000 S$ ဝန်းကျင်ရှိပါတယ်။ လစာကတော့ 400 S$ ကနေ 700 S$ ရကြပါတယ်။ နေ စရိတ် ၊ စားစရိတ် တာဝန် ယူပါတယ်။ တချို့ လဲ သတ်သတ်လွတ်ပဲ ကျွေး တဲ့ နေရာတွေရှိပါတယ်။


ယောက်ျားလေးများ အတွက် Work Permit နဲ့ သဘောင်္ကျင်း တွေမှာ အလုပ်လုပ်ကြ သူများကတော့ 500 S$ ဝန်းကျင်လောက် ရပြီး Agent fees ကလဲ 2000 S$ ဝန်းကျင်ပါပဲ။ PSA မှာ Driver , Operator များကတော့ ရန်ကုန်မှာ Agent ရှိပါတယ်။ Driver Post အတွက်ကတော့ မြန်မာ ယဉ်မောင်းလိုင်စင် အနီ ရှိရမယ်။ နေစရာစီစဉ်ပေးပေမဲ့ 100 S$ ပေးရပါတယ်။ စားတာကတော့ ကိုယ့်အစီစဉ်နဲ့ ကိုယ်ပေါ့။ လစာ နဲ့ အချိန်ပိုကြေး 1000 S$ ဝန်းကျင်ပါ။

ကျောင်းတက် ပြီး အလုပ် လုပ်ချင်သူ များအတွက်ကတော့ Accounting နဲ့ ပတ်သက်တဲ့ ကျောင်းတွေက 3000 S$ ဝန်းကျင် အရင်ကုန်မယ်။ စအပ်ရင် အနဲဆုံး ၃ ဘာသာအပ်ရပါတယ်။ Management ကျောင်းတွေကြတော့ 7000 S$ ဝန်းကျင်ပေါ့။ ကျောင်းအပ်မယ်ဆိုရင် အကောင်းဆုံး အကြံပေးချင်တာကတော့ Singapore မှာရှိတဲ့ သူငယ်ချင်း တယောက်ယောက်ကိုအပ်ခိုင်းပါ။ ဒီရောက်ပြီးမှ အပ်ရင် နေ၊စား၊သွား စရိတ်တွေ ပိုကုန်မယ်။ ICA (Immegration) ကိုတင်တာ ၁လလောက် စောင့်ရပါတယ်။ Student Pass Approval letter ရရင် လေယာဉ် လက်မှတ် One way Ticket ဝယ်လို့ရပြီ ပိုက်ဆံကုန်တာသက်သာအောင်ပါ။ Part Time အလုပ်တွေကတော့ ၁ နာရီ 3.5 S$ ကနေ 10 S$ ဝန်းကျင် ရပါတယ်။ Private School တက်သူတွေကတော့ တရားဝင် အလုပ် လုပ်ခွင့်မရှိပါဘူး။

ဘယ်လိုပဲ လာလာ တလကို မကုန် မဖြစ်ကုန်စရာတွေကိုပါ တခါထဲ တွက်ထားပါ။ နေမယ် ၊ စားမယ်၊ သွားမယ်၊ ပွားမယ် ၊ အနဲဆုံး စရိတ်တွေပါ။ နေစရာအတွက် 250 S$ ၊ စားဖို့ 100 S$ ၊ ခရီးစရိတ် 100 S$ (သွားရင် သွားသလောက် ကုန်မှာ) ၊ ဖုန်းခ က 80 S$ (ပွားရင် ပွားသလောက်ပေါ့) ။

အလုပ် လုပ်မယ်ဆိုရင်တော့ မြန်မာသံရုံးကို ဝင်ငွေရဲ့  ၁၀ % အခွန်ပေးဆောင်ရပါတယ်။

တခြားသော အလုပ်များလဲရှိပါတယ်။ Home Maid (အိမ်ဖေါ်) အလုပ် ကတော့ Agent fees 1500 S$ လောက် ရှိပြီး လစာ 300 S$ ရပါတယ်။ အဲ့ဒီ အလုပ်ကိုတော့ အားမပေးချင်ပါဘူး။

ကဲ သူငယ်ချင်းတို့ရေ သိသလောက်လေးပြောပြတာပါ။ စာရေးမကျွမ်းကျင်တဲ့ အတွက် အမှားပါရင် ခွင့်လွှတ်ပါနော်။

This entry was posted on Thursday, October 11, 2007 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

1 comments

မသိတဲ့သူတွေအတွက် သိခွင့်ရတာ အတော်တန်ဖိုးရှိတာပဲ။ ကျွန်တော်တို့ Bloger တွေဟာ တစ်ဦးမှာရှိထားတဲ့ အချက်အလက် Information တွေကို
အခြားသူတွေအတွက် share ပေးတာ ကောင်းတဲ့ လကဏ္ခာတွေပါ။ ဒါကြောင့်မို့လဲ ဂုဏ်ယူ စရာကောင်းတဲ့ Bloger အမြောက်အများ ပေါ်ထွန်းလာနေပါပြီး.. ကျေးဇူးပါပဲ