လွန်ခဲ့တဲ့ ကာလ တော်တော်ကြာကြာက ကြားခဲ့ဖူးတဲ့ ဟာသလေး တခုပါ။ အများစုကတော့ ကြားဖူးပြီးသား ဖြစ်မှာပါ။ မသိသေးရင်တော့ ဆက်ဖတ်ပေါ့။
ငရဲပြည်မှာ ငရဲကျရောက်နေသော သူများထဲမှ တချို့  က သူတို့ အိမ်ကို အကြောင်းကြားချင်လို့ ငရဲမင်းကြီးထံ ခွင့်တောင်းပြီး ဖုန်းဆက်ကြပါတယ်။
အမေရိကန် နိုင်ငံသား - အမေရိကားရှိ သူ့မိသားစုထံ ဖုန်းဆက်ရာ ၃ မိနစ်ကြာပါတယ်။
ဘယ်လောက် ကျပါလဲ ခင်ဗျာ ......?
ငရဲမင်းကြီး - ၁ ဒေါ်လာ ကျပါတယ်။
အမေရိကန် နိုင်ငံသား - ခဏလေး ပြောတာ ၁ ဒေါ်လာတောင် ကျတယ် ....?
ငရဲမင်းကြီး - Oversea Call ဖြစ်နေလို့ပါ။
ဂျပန် နိုင်ငံသား - ဂျပန်ရှိ သူ့မိသားစုထံ ဖုန်းဆက်ရာ ၄ မိနစ်ကြာပါတယ်။
ဘယ်လောက် ကျပါလဲ ခင်ဗျာ ......?
ငရဲမင်းကြီး - ၁ ဒေါ်လာ ကျပါတယ်။
ဂျပန် နိုင်ငံသား - ၄ မိနစ်ပြောတာ ၁ ဒေါ်လာတောင် ကျတယ် ....?
ငရဲမင်းကြီး - Oversea Call ဖြစ်နေလို့ပါ။
မြန်မာ နိုင်ငံသား - မြန်မာနိုင်ငံရှိ သူ့မိသားစုထံ ဖုန်းဆက်ရာ မိနစ် ၃၀ ကြာပါတယ်။
ဘယ်လောက် ကျပါလဲ ခင်ဗျာ ......?
ငရဲမင်းကြီး - ပြား ငါး ဆယ် ကျပါတယ်။
ထိုအခါ အမေရိကန် နှင့် ဂျပန် နိုင်ငံသားတို့က ငရဲမင်းကြီး ခင်ဗျာ ၊ ကျွန်တော်တို့ ၂ ယောက်ကျတော့ ခဏလေး ပြောတာ ၁ ဒေါ်လာစီ ယူတယ်။ သူ့ကျတော့ အကြာကြီးပြောတာ ဘာ့ကြောင့် ပြား ငါး ဆယ်ပဲ ယူတာလဲ ....?
ငရဲမင်းကြီး ပြန်ဖြေလိုက်တာက ........ သူက Local Call လေ တဲ့။
This entry was posted
on Thursday, October 18, 2007
and is filed under
ဟာသ။
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
Filed under
ဟာသ။
Facebook Badge
မြန်မာ ပြက္ခဒိန် ။
သင့်အတွက် ဇော်ဂျီ။
အမေ့အိမ် ရဲ့  အချိန် ။
Categories
- Dr.ရဲမြင့်ကျော် ။ (9)
- Health (1)
- Photo (1)
- ကဗျာ။ (2)
- ဆုတောင်း။ (1)
- ဓါတ်ပုံ။ (5)
- ပရိတ်တော် ။ (2)
- မှတ်တမ်း။ (4)
- ဝတ္ထု များ ။ (1)
- သတင်း။ (2)
- ဟာသ။ (1)
- ဝေမျှခြင်း။ (7)
- ဗေဒင် ။ (1)
0 comments