Blog တခုလုပ်ချင်တဲ့ ရောဂါ ရနေတာ ကြာပါပြီ။ ရည်ရွယ်ချက် ကတော့ ကိုယ်ရေးချင်တာလေးတွေရေးဖို့ပါ။ ပထမဆုံး ရောက်ဖူးတဲ့ Blog က ဆရာမ မေငြိမ်းရဲ့ www.maynyane.blogspot.com ပါ။ အဲ့ဒီကမှ တဆင့် ဖတ်စေချင်တာလေးတွေ ဆိုတာကို ၀င်မိပြီး Blog ပေါင်းများစွာကို ရောက်ခဲ့ပါတယ်။ ကိုရန်အောင်ရဲ့  www.yanaung.blogspot.com Blog ကိုရောက်သွားတော့ ရောဂါ နဲ့ ဆေး စတွေ့တာပါပဲ။
Blog သာလုပ်ချင်တာ ကိုယ်ပိုင်အရည်အချင်းကတော့ English ကမကောင်း ၊ မြန်မာလိုကလဲ မရိုက်တတ် ၊ Computer နဲ့ ပတ်သက်ရင် Illiterate ဆိုတော့ စဉ်းစား ကြည့်ပေတော့။ ဒါပေမဲ့ ရောဂါက ရနေပြီ ဆေးကလဲ တွေ့ပြီ ဆိုတော့ အဆင်ပြေသွား ပါတယ်။ Head , Body , id = post .... စတာတွေနဲ့ ရွာလည် သွားလိုက်တာ ( ၂ ) ရက်လောက် ဂေါင်းမူးသွားပါတယ်။ ကိုစေတန် ရဲ့  www.saturngod.blogspot.com မှာ Zawgyi keyboard instraller for Vista တွေ့တော့ အားလုံး အဆင်ပြေသွားပါတယ်။
ကိုရန်အောင် ၊ ကိုစေတန် တို့ရဲ့  သင်ကြားမှူ့ တွေနဲ့ Blog တခု ဖြစ်သွားပါပြီ ။ ပြင်ဆင် မွမ်းမံ ဖို့တော့ကျန်ပါသေးတယ် ။
Blog ဖြစ်မြောက်သွားတဲ့ အတွက် ဆရာ ကိုရန်အောင် နဲ့ ဆရာ ကိုစေတန် တို့ကို အထူးကျေးဇူးတင်ရှိကြောင်း ဒီနေရာမှတဆင့် ပြောကြားချင်ပါတယ် ။
အချိန်ပေးပြီး လာလည်ပေးတဲ့ Prof: U Soe Htet ကိုလဲ အထူးကျေးဇူးတင်ရှိကြောင်း ပါ။
This entry was posted
on Monday, October 15, 2007
and is filed under
မှတ်တမ်း။
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
Filed under
မှတ်တမ်း။
Facebook Badge
မြန်မာ ပြက္ခဒိန် ။
သင့်အတွက် ဇော်ဂျီ။
အမေ့အိမ် ရဲ့  အချိန် ။
Categories
- Dr.ရဲမြင့်ကျော် ။ (9)
- Health (1)
- Photo (1)
- ကဗျာ။ (2)
- ဆုတောင်း။ (1)
- ဓါတ်ပုံ။ (5)
- ပရိတ်တော် ။ (2)
- မှတ်တမ်း။ (4)
- ဝတ္ထု များ ။ (1)
- သတင်း။ (2)
- ဟာသ။ (1)
- ဝေမျှခြင်း။ (7)
- ဗေဒင် ။ (1)
0 comments