ဆရာ စံဇာဏီဘို ၏ ၁၂ ရာသီဟောကိန်း ။  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။

ဆရာ စံ-ဇာဏီဘို ၏ ၂၀၁၀ တစ်နှစ်စာ ၁၂ ရာသီဟောကိန်း ။
အိပ်ဆောင် ဗေဒင် စာအုပ် ။





Aries

March 21 - April 19




Taurus

April 20 - May 20




Gemini

May 21 - June 20




Cancer

June 21 - July 22




Leo

July 23 -
August 22




Virgo

August 23 -
September 22




Libra

September 23 -
October 22



Scorpio

October 23 -
November 21




Sagittarius

November 22 -
December 21




Capricorn

December 22 -
January 19




Aqaurius

January 20 -
February 18




Pisces

February 19 -
March 20



Credit To : ရွှေအိုး

ဆက်ဖတ်ရန်...

အမှတ်တရ ။  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။

ဆက်ဖတ်ရန်...

မြန်မာ ပြက္ခဒိန် ။  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။

မြန်မာ ပြက္ခဒိန် ။


ဆက်ဖတ်ရန်...

ကြိုးကြာတောင်ပံခတ်သံ ။  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။




Book Name : ကြိုးကြာတောင်ပံခတ်သံ
Author : လင်္ကာရည်ကျော်
Publication Date: Sep-2007
Description : ဒေါက်တာရဲ(ကလေးအထူးကုဆရာဝန်)၊ လင်္ကာရည်ကျော်
စသည့် ကလောင်အမည်ခွဲ နှစ်ခုဖြင့်
သုတ ရသ စာပေများ စဉ်ဆက်မပြတ် ရေးသားလျက်ရှိသည့် ဆရာဒေါက်တာရဲမြင့်ကျော်၏ ပထမဦးဆုံးသော
ဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည်။
စာရေးသူသည် ဤ၀တ္ထုရှည်ကို လွန်ခဲ့သောအနှစ်နှစ်ဆယ်ခန့်က အလုပ်သင်ဆရာဝန်ဘ၀တွင် ရေးသားခဲ့ပြီး
ဤစာအုပ်ပါ ဇာတ်လမ်းများထဲမှ အဓိကကျသော အဖြစ်အပျက်များသည်
စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့သည့်အဖြစ်အပျက်များသာမက
တစ်ဆင့်ကြားရခြင်းဖြင့် လေးစားခဲ့ရသည့် ဆရာဝန်တစ်ချို့၏ တကယ့်အဖြစ်အပျက်ဇာတ်လမ်းများဖြစ်သည်။
ထို့ပြင် စွန့်လွှတ်အနစ်နာခံ လူငယ်ဆရာဝန်တို့၏ လွမ်းမောဖွယ်ရာ မေတ္တာဖွဲ့ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်သည်။
ဤစာအုပ်ဖြင့် စာရေးသူသည် ၂၀၀၇ ခုနှစ် အမျိုးသားစာပေဆု(လူငယ်စာပေဆု) ဆွတ်ခူးခဲ့သည်။

ကြိုးကြာတောင်ပံခတ်သံ ။
Credit To : PDF အဖြစ်တင်ဆက်သူ= မြန်မာကျူးပစ်ဖိုရမ်

ဆက်ဖတ်ရန်...

ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြပ်ကြည့်ရှုပေးခြင်း ။  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။

ဆရာဝန်၊ ကျောင်းဆရာ၊ စာရေးဆရာ။
ဘ၀မှာ ဖြစ်ချင်သည့် ဆန္ဒက သုံးခုတောင် ဆိုတော့ အဲဒါတွေ အောင်မြင်အောင် ဟိုနည်းနည်း သည်နည်းနည်း လိုက်ကြိုးစား နေခဲ့ မိသည်မှာ ဆရာဝန် ဖြစ်ပြီး ၂၃နှစ် ကြာသွား ခဲ့သည်။
၂၀၀၈ ခုနှစ် ကတော့ တော်တော် ထူးခြားသည့် နှစ်ပါပဲ။
အဲသည့် ဆန္ဒတွေ အားလုံး ပြည့်သွားသည်။
တစ်ခု ပြီးမှ တစ်ခု မဟုတ်။ ၀ုန်းခနဲ ပြိုင်တူ လိုလို နီးပါး ပြည့်ဝ သွားတာပါ။
သည်တော့ အဲသည့် ရပ်ဝန်း သုံးခု စလုံးက ကျွန်တော့် အချိန်တွေကို တောင်းဆိုမှုတွေ များလာသည်။ တစ်ခုခု မှာ သို့မဟုတ် သုံးခု စလုံးမှာ အနည်း နှင့် အများ လစ်ဟင်းမှုတွေ ရှိလာ တော့မည်။
ရှေ့ခရီး ဘယ်လို ဆက်လျှောက် ရမည်မှာ မျှော်ကြည့်တိုင်း မှုန်ဝါးဝါး။
ကိုယ်ကလည်း ဘယ်ဘက်က မှ မလျော့ချင်။
ယူချင်တာ ယူသွားတော့ ဟု မိသားစု ဘ၀ ကလေး မိုးနတ်မင်း ဆီ အပ်ထား ခဲ့တာ ကြာပေါ့။

ဖြစ်ချင်ရာ ဖြစ်ဟု သဘောထား ကာ Wellness မဂ္ဂဇင်း တွင် တတိယမြောက် ၀တ္ထုရှည် `နေ၀င် အိပ်တန်းတက်´ ကို စလိုက်သည်။ ဘ၀မှာ နောက်ထပ် ဆရာဝန် ဘ၀ သရုပ်ဖော် ၀တ္ထုရှည် တစ်ပုဒ် ထပ်ရေးနိုင် မရေးနိုင် ဆိုတာ သေမှ မသေချာ တော့တာ။ `ကြိုးကြာ တောင်ပံ ခတ်သံ´က လူငယ် ဆရာဝန်တွေ အတွက်၊ `ဒေါက်တာ ရွှေသွေး နှင့် မပန်းဝတ်မှုံ´ က လူလတ်ပိုင်း ဆရာဝန်တွေ အတွက် ဆိုလျှင် `နေ၀င် အိပ်တန်းတက်´ ကတော့ အနားယူ ခါနီး နောက်ဆုံး ၁၀ စုနှစ်ကို ကိုယ့်ကိုယ် ကိုယ် ရောက်မှန်း မသိ ရောက်နေကြသော ဆရာဝန်ကြီးများ အတွက် ပေါ့။ ဒါပြီးလျှင် ကိုယ်လည်း ၅၀ ပြည့်ခါ နီးပြီ။ `နေ၀င် အိပ်တန်းတက်´ စာရင်းထဲ ပါတော့မည်။
အဲသည် ၀တ္ထုထဲက အဓိက ဇာတ်ကောင် ပညာတတ်၊ ကြေးရတတ် မလေး `မေကြာဖြူ´က ရှင်မဟာ သီလ၀ံသ ၏ `၀သုနြေ္ဒ၊ ဤမြေသော်လည်း၊ စောင့်စည်းမှုသား၊ ကျင့်သောအားဖြင့်၊ စကားသစ္စာ၊ မှန်သောခါကား၊ သြဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက် သစ်ပင်၊ ဆေးဖက်ဝင်၏´ ဆိုသည့် စကားကို နှစ်ခြိုက်လွန်း သဖြင့် `ပေါ်ဆီတက်´ အမည်ဖြင့် ဂျာနယ် တစ်စောင် ထုတ်ဝေကာ ကဗျာကို ဂျာနယ် မျက်နှာဖုံးမှာ ဖော်ပြသည်ဟု ကျွန်တော် ရေးထားသည်။ တိုက်တိုက်ဆိုင်ဆိုင် Family အုပ်စုကလည်း `နွယ်မြက်သစ်ပင်´ ‘the Living Vine’ အမည်ဖြင့် အင်္ဂလိပ်ဘာသာ အဓိက မဂ္ဂဇင်းတစ်စောင် ထုတ်ဝေကာ အဲသည် ကဗျာကို အဖုံးမှာ သုံးထားသည်။ သူတို့က အကြံ ရတာ နည်းနည်း စောဟန် တူသည်။
ကိစ္စတော့ မရှိပါ။ ၀တ္ထုထဲ က ဇာတ်ကောင် နှင့် အကြံတူ တာပဲ။
အဲသည်လို မလုပ်နိုင်တော့မည့်၊ တိုးလိုး တန်းလန်း ဖြစ်သွားတော့မည့် ဟာတွေကို လိုက်စိတ်ပူနေခိုက်မှာ လက်ထဲမှာ တန်းလန်းကြီး ဖြစ်နေ တာက `စိန်တုံးကြီးများ အကြောင်း´ ပါပဲ။
နိဂုံးချုပ်တော့မှ ထင်သည်။
အသက် တစ်နှစ် မှ သုံးလေးနှစ် အရွယ် လက်လက်ထ နေသော စိန်တုံးကြီးများ အကြောင်းချည်း ရေးလာတာ ၁နှစ်ကျော် နေပြီ။
`မသက်´ တစ်ယောက် Perfect ကနေ Myanmar Art Centre ပန်းချီပြခန်း ဆီ စိတ်ရောက် နေတုန်း ခိုး ဇာတ်သိမ်းမှ။
မရေးရ သေးဘဲ ကျန်နေတာ ကတော့ အဲသည့် အရွယ်၏ ဖွံ့ဖြိုးရေး ဖြစ်စဉ်များ နှင့် စောင့်ကြည့် ရမည့် စိတ်ပူစရာ ကလေးများ ပါပဲ။ ဒါကလည်း Perfect အုပ်စု ရတနာသိုက် စာပေ နှင့် ကျွန်တော် ပွဲဦးထွက် လက်တွဲ ထုတ်ဝေ ခဲ့သည့် `ရင်သွေး ရတနာ ကလေးများ အတွက်´ မှာ အရွယ်တိုင်း အတွက် ဖော်ပြပြီး ဖြစ်နေလို့ပါပဲ။


နှစ်ထပ် ရှိချင် ကြသည် ဆိုလျှင်တော့ ဒီလ ပြန်ရှင်း ပါမည်။ သည်နေရာမှာ သဘောပေါက် စေချင်တာ တစ်ခုက ကျွန်တော်တို့ ကလေးဆရာဝန်တွေက သည်အရွယ်မှာ ဒါလုပ်တတ်ရမည်ဟု ပြောထားလျှင် မလုပ်နိုင်တိုင်း စိတ်ပူစရာမလိုပါ။ တစ်ယောက် နှင့် တစ်ယောက် ချွတ်စွတ် မတူနိုင်ပါ။ ဥပမာ လမ်းလျှောက်တာလေး တစ်ခုကို ကြည့်မည် ဆိုလျှင်တောင် ဆယ်လ ကတည်းက လမ်းလျှောက်တတ်သည့် ကလေး ရှိသလို ၊ ရောဂါကြောင့် ချို့ယွင်းချက်ကြောင့် မဟုတ်ပါဘဲ နှင့် ၁ နှစ်ခွဲ ကျော်မှ လမ်းစ လျှောက်သည့် ကလေးလည်း ရှိပါသည်။ ဘယ်ကလေး က ပို၍ ကျန်းမာသည်၊ ဘယ်ကလေး က ပို၍ ဥာဏ်ကောင်း လိမ့်မည် ဟုပင် သတ်မှတ် ၍ မရပါ။

ဖွံ့ဖြိုးမှု ဖြစ်စဉ်သည် တစ်ယောက် နှင့် တစ်ယောက် အကြမ်းဖျင်း ခြောက်လ လောက်တော့ အများဆုံး ကွာတတ် ပါသည်။
အသက်တစ်နှစ်အရွယ်
`ရပ်နိုင်ပေ့´၊ `ရပ်နိုင်ပေ့´ဆိုသည့် အရွယ်ပေါ့။
ခုံကလေးတွေ ကို ဆွဲ၍ ထတတ်ပြီ။ တစ်ခါ တစ်ရံ ကိုင်ထားတာလေးကို လွှတ်၍ ခဏမျှ တော့ သူ့ ခြေထောက်လေး နှစ်ချောင်း နှင့် ရပ်နိုင်မည်။ ကြာကြာတော့ မရ။
လမ်းလျှောက်တာ ကတော့ ခုံလေးတွေကို ကိုင်၍ လျှောက်သွားတာ လောက်ပဲ ရှိဦးမည်။
ပစ္စည်း သေးသေးလေးတွေ ကိုတော့ လက်ညှိုး၊ လက်မ နှင့် ညှပ်၍ သေသေ ချာချာ ကိုင်တတ်ပြီ။ ပေးသည့် ပစ္စည်းကို လည်း ပစ်ပစ်ချ တတ်သေးသည်။ လူကြီးက ကောက်ပေးလျှင်လည်း ချက်ချင်း ပြန်လွှတ် ပစ်တတ်သည်။ စိတ်မတို ပါနှင့်။ လေ့ကျင့် သင်ကြားမှု ဖြစ်စဉ် တစ်ရပ်သာ ဖြစ်ပါသည်။
သူ့နာမည်ခေါ်လျှင်လည်း လှည့်ကြည့်တတ်ပြီ။ `ဖေ´၊ `မေ´ စသဖြင့် စကားတစ်လုံး နှစ်လုံးလည်း စပြောတတ်ပြီ။
လိုချင်တာ လက်ညိုးထိုး တောင်းတတ်ပြီ။ ခွက်ထဲ က ရေကို သူ့ဘာသာ သူ မော့သောက် တတ်ပြီ။ လက်ခုပ်တီး တတ်ပြီ။ သူစိမ်း မြင်လျှင်လည်း သူစိမ်းမှန်း သိ၍ ကြောက်တတ်ပြီ။ တာ့တာ ပြတတ် ပြီ။
အသက်တစ်နှစ်ခွဲ
ထိုင်ခုံတွေ အပေါ်ဘက် တက်တတ်ပြီ။ တချို့ လမ်းစ လျှောက်တတ်ပြီး တချို့ဆို ပြေးတတ်ပြီ။ စာရွက် နှင့် ခဲတံ ပေးလိုက်လျှင် မျဉ်းကြောင်းလေး တွေ ကြောင်ခြစ် သလို ခြစ်နေပြီ။ စကားလုံး သုံးလုံးနှင့် အထက် နားလည် နေပြီ။ မျက်စိ ဘယ်မှာလဲ၊ နား ဘယ်မှာလဲ ပြတတ်အောင် သင်၍ ရပြီ။ ရှူးရှူး ပေါက်ချင်လျှင်၊ အီးအီး ပါချင်လျှင် အမူအရာ ပြတတ်ပြီ။ တစ်ချို့ ခိုင်းတာလေးတွေ နားလည်ပြီ။
အသက်နှစ်နှစ်
လှေကား ကို ခြေနှစ်ချောင်း တစ်ထစ်နှုန်း ဖြင့် တက်တတ်ပြီ။ စာရွက် ပေါ်မှာ ဒေါင်လိုက်မျဉ်းတွေ ဆွဲတတ်ပြီ။ စာအုပ်ပေးလျှင် စာရွက်တွေ စာရွက်ချင်း လှန်တတ်ပြီ။ သုံးလုံးတွဲ စကားလေးတွေ (ဥပမာ ရေးပေးပါ) ပြောတတ်ပြီ။ သူ့နာမည်ကို ခေါ်လျှင် သိနေပြီ။ အ၀တ်အစားတွေ သူ့ဘာသာ သူ ချွတ်တတ်ပြီ။
အသက် သုံးနှစ်
လှေကား ကို ခြေတစ်ချောင်း ချင်း တက်တတ်ပြီ။ သုံးဘီး စက်ဘီးလေး ပေးလျှင် စီးတတ်ပြီ။ စာရွက် ပေးလျှင်တော့ စက်ဝိုင်းပါ ဆွဲတတ်ပြီ။ အရောင်တူ စပ်ဟပ်တာ နှစ်ရောင် လောက်တော့ လုပ်နိုင် လာပြီ။ စကား လည်း ပုံမှန် ပြောတတ်ပြီ။ နာမည် အပြည့်အစုံ သိပြီ။ သူ့ကိုယ်သူ ယောက်ျားလေး၊ မိန်းကလေး သိနေပြီ။ နေ့ခင်းဘက် ရှူးရှူး ပေါက်မချတော့။
အသက် ငါးနှစ်
ခုန်တတ်ပြီ။ ဘောလုံး ဖမ်းတတ်ပြီ။ တြိဂံ ဆွဲတတ်ပြီ။ စကား ပြောတာ ချောနေပြီ။ အရောင်လေးမျိုး ခေါ်တတ်ပြီ။ သူငယ်ချင်း ရွေးပေါင်း တတ်ပြီ။ အကူအညီ ဖြင့် အ၀တ်အစား ၀တ်တတ်ပြီ။ ဒါလေးတွေ ပြောပြ ရတာက အဲသည့် အသက် အရွယ်မှာ အဲဒါလေးတွေ ဖြစ်လာလျှင် ရင်အေး နိုင်ရန် ဖြစ်သော်လည်း အဲသည့် အသက် အရွယ်မှာ အဲဒါ ဖြစ်မလာတိုင်း စိတ်ပူ စရာတော့ မလိုပါ။
နီးစပ်ရာ ကလေး အထူးကု ဆရာဝန် နှင့် တိုင်ပင် ကြည့်ပါဦး။ ပုံမှန် နောက်ကျတတ် သူများ အများကြီး ရှိပါသည်။ စိန်တုံးကြီးများ အကြောင်း နိဂုံးချုပ်သင့် မချုပ်သင့်တော့ စဉ်းစားလိုက် ပါဦးမည်။ ဘာများ ရေးစရာ ကျန်သေးလဲဟု မိဘများက သိချင်တာ ရှိလျှင်လည်း စာရေး မေးကြပါဦး။

စိန်တုံးကြီး တို့ ပုံမှန် ဖွံ့ဖြိုး တိုးတက်ကြပါစေ။
ဆန္ဒမွန်ဖြင့်
ဒေါက်တာရဲ(ကလေး အထူးကု ဆရာဝန်)

Credit To : perfectmagazine

ဆက်ဖတ်ရန်...

စိန်တုံးကြီးအကြောင်း ဇာတ်သိမ်း ။  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။

စိန်တုံးကြီးများ အကြောင်း ပေါင်းချုပ် မထွက်သေးဘူး လားဟု မေးသူတွေ ခဏခဏ ကြုံရသည်။ အယူအဆ အမှား များလောက် ရေးစရာပေါသော ခေါင်းစဉ်ကိုပင် ကိုးလတည်း ရေးခဲ့သော ဒေါက်တာရဲသည် တစ်ခါမှ အကြာကြီး ရေးနေ၍ အံ့ဩ ကြဟန် တူသည်။ စရေးတုန်းက ပါမောက္ခရဲ ဖြစ်သည် အထိ ရေးမှာဟု နောက်တီးနောက်တောက်ရေးခဲ့ရာ ယခုတော့ ပါမောက္ခလည်း တကယ်ဖြစ်သွားခဲ့ပြီ၊ စိန်တုံးကြီး ဆိုသည့် စကားလုံး၏ ပိုင်ရှင် အစစ် အစ်ကို ဆရာ ပါမောက္ခ ဦးဖေသက်ခင် လည်း ကလေး အထူးကု ဆရာဝန် ဘဝကို ကျောခိုင်း၍ အငြိမ်းစား ယူသွားသည့် အဖေဆရာ နေရာမှာ ပါမောက္ခချုပ်ကြီး ဖြစ်နေပြီ။

ကိုယ့်ကလေးကို ကိုယ် လက်လက်ထ နေသည်ဟု မခေါ်ရက် သဖြင့် စိန်တုံးကြီးဟု ခေါ်သင့်ကြောင့် သူ စ နာမည် ပေးခဲ့သည့် သူ့သား စိန်တုံးကြီးပင် လူပျိုကြီး ဖားဖား ဆေးကျောင်းသား ဖြစ်နေပြီ။ရေးမည်ဆိုလျှင် ရေးစရာတွေ ကျန်ကောင်း ကျန်မည် ဖြစ်ပေမဲ့ လုံးချင်း ကျမှ စောင့်ဖတ်တော့ မည် ဟု မျှော်နေသူများ ကို အားနာစွာ နိဂုံးချုပ် ပေးရတော့ မည်ဖြစ်လေရာ ကလေး အထူးကု ဆရာဝန် တစ်ဦးအနေ နှင့် အရွယ် ပေါင်းစုံ ကြည့်ရှု တာဝန် ယူရသည့် အထဲမှာ မှ ဘာကြောင့် သည်တစ်နှစ်သား မှ ကျောင်းမနေခင် အရွယ် အထိကို စိတ်ဝင်တစား အကြာကြီး ရေးခဲ့ရ သလဲ ဆိုတာလေး ပြန်ရှင်းပြ ခွင့်ပြုပါ။
၁။ သိသာထင်ရှားသော
ပြောင်းလဲ တိုးတက်မှု များသော အရွယ်ပါ
လမ်းစ လျှောက်လာမည်၊ စကားစ ပြောတတ် လာမည်၊ ကိုယ့်လက် နှင့် ကိုယ့်ခွက်ကို မော့သောက်တတ် လာရာ ကနေ အစား အသောက်ကို လူကြီးလို ဇွန်းနှင့် ပန်းကန် နှင့် စားတတ်သည့် အဆင့် အထိ တိုးတက် လာမည်။
တိုးတက်ပြောင်းလဲမှုဖြစ်စဉ်များသော အရွယ် ဖြစ်သဖြင့် ဖြစ်သင့် သည့် အတိုင်း မဖြစ်ခဲ့ လျှင်လည်း သတိထား စရာ၊ ဆရာဝန် နှင့် ဆွေးနွေး စရာတွေ များပါသည်။ ဒါတွေကို သည် ဆောင်းပါးရှည်ကြီး ရယ်၊ ရတနာသိုက် စာပေတိုက် မှပင် ထုတ်ဝေခဲ့ဖူးသော ကျွန်တော် ၏ ရင်သွေး ရတနာ ကလေးများ အတွက် စာအုပ်ရယ် နှစ်ခုပေါင်း လိုက်လျှင် ခြုံငုံ မိပြီဟု ယူဆပါသည်။
၂။ စူးစမ်း လေ့လာ တတ်သော အရွယ်ပါ
ခွက်လေးမှောက်နေတာတွေ့လျှင်တောင် လှန်ပြီး အထဲမှာ ဘာရှိ သလဲ ရှာပါလိမ့်မည်။ ပိုးကောင်အသေလေးတွေ့လျှင်တောင် အနည်း ဆုံး လက်နှင့်တို့ကြည့်ပါလိမ့်မည်။ ကံမကောင်းလျှင် ပါးစပ်ထဲထည့် ကြည့်တတ်ပါသေးသည်။ ထို့ကြောင့် သည်အရွယ်၏ ပတ်ဝန်းကျင်ကို သူတို့အတွက် ဘေးကင်း လုံခြုံအောင် အစစ သတိထား ပြင်ဆင် ထားမှ တော်ရုံ ကျပါမည်။ဒါကို သည်ဆောင်းပါးထဲ တွင်ပင် ကျွန်တော် ပြည့်ပြည့် စုံစုံ ဖော်ပြ ဖြစ်ခဲ့ ပြီဟု ထင်ပါသည်။
၃။ ကူးစက် ရောဂါ သတိထား ရမည့်အရွယ်ပါ
မိခင် ရင်ခွင်ထဲမှာ ဆင်းကာ ပတ်ဝန်းကျင်နှင့် စတင် ထိတွေ့ တော့မည့် အရွယ်ပါ။ ကျောင်းနေ အရွယ် ကလေးငယ် လောက် ပတ်ဝန်းကျင် နှင့် အထိအတွေ့မများသေးသော်လည်း ကျောင်းနေ အရွယ် ကလေးငယ် လောက် လည်း ကိုယ်ခံ အား မကြွယ်သေးပါ။
ခဏခဏ ဖျားတတ်၊ ချောင်းဆိုးတတ်၊ ဝမ်းပျက် တတ်ပါသည်။ တချို့သော ရောဂါတွေက ကာကွယ် ဆေးထိုး၍ ကာကွယ် နိုင်ပါသည်။ သည်အရွယ် မှာ ထိုးရမည့် ကာကွယ်ဆေးတွေ အကြောင်းလည်း ကျွန်တော် ပြည့်ပြည့်စုံစုံ ဖော်ပြ ဖြစ်ခဲ့သည်ဟု ထင်ပါသည်။ တချို့ ရောဂါတွေက ကာကွယ်ဆေးမရှိ။ ဆောင်ရန်၊ ရှောင်ရန်တွေ သာရှိသည်။ အဲသည့် ရောဂါတွေ အတွက်တော့ သည်ဆောင်းပါး ရှည်ကြီး ရော၊ စွယ်စုံမီဒီယာ အုပ်စုမှ ထုတ်ဝေခဲ့သည့် ကလေး ရှေးဦး သူနာပြုစု နည်းစာအုပ် ရော တွဲဖတ်ဖို့ လိုမည် ထင်သည်။
၎။ သင်ကြား လေ့လာမှုများ စတင်သည့် အရွယ်ပါ
သည်အရွယ်မှာ ခေတ်အစားဆုံး မေးခွင်းကတော့ ဘယ်တော့ မူကြို စထား ရမလဲ ဆိုတာ ဖြစ်သည်။ သည်ဆောင်းပါးရှည်ကြီး ထဲတွင် မူကြို ဘယ်တော့ စထား သင့်သည် ဆိုသည့် ကိစ္စ သာမက မူကြို မထားခင် ကတည်းက ကလေး၏ လေ့လာ သင်ယူမှု အားကောင်းအောင် ဘာတွေ လုပ်ပေးရမည် ဆိုတာ ကျွန်တော် ပြည့်ပြည့် စုံစုံ ဖော်ပြ ဖြစ်ခဲ့ ပါသည်။
၅။ အားလုံး ဝိုင်း၍ တုံတက် နေကြသော အရွယ်ပါ
ချစ်စရာ အကောင်းဆုံး၊ တတောက်တောက်၊ ယိုင်ထိုး ယိုင်ထိုး လျှောက်ပြေး နေပြီး တွတ်တီး တွတ်တာ ပြောတတ်သည့် အရွယ်မို့ အဖေရော၊ အမေရော၊ အဘိုး အဘွား၊ ဦးလေး၊ အဒေါ်၊ အစ်ကို အစ်မ အားလုံး ဝိုင်းချစ် နေကြသည့် အရွယ်ပါ။ သည်တော့ တစ်ယောက် တစ်ပေါက် မေးလာသည့် မေးခွန်းများလည်း ရှိသလို တစ်ယောက် တစ်ပေါက် ပေးကြသည့် အကြံများလည်း ရှိပါ သည်။
ဒါတွေ မှန် မမှန် ဆင်ခြင်ဖို့ နှင့် အဖြေရှာဖို့ အတွက်တော့ သည် ဆောင်းပါး ရော၊ နန်းဒေဝီစာပေက ထုတ်ဝေ ခဲ့သည့် ကလေး ကျန်းမာ ရေးဆိုင်ရာ အယူ အဆမှားများ စာအုပ်ရော တွဲဖတ်ဖို့ ညွှန်းပါ ရစေ။
၆။ စာရေးသူ ၏ ဘဝ အပြောင်းအလဲ အများဆုံး အချိန်ပိုင်းပါ
သည်ဆောင်းပါးရှည်ကြီး ရေးနေရင်း မြို့နှစ်မြို့ ခေါက်တုံ့ ခေါက်ပြန်ပြောင်း ခဲ့ရသည်။ ရာထူး သုံးဆင့် တက်ခဲ့သည်။ စာအုပ်ပေါင်း များစွာ ထွက်ခဲ့သည်။ စာရေး ဆရာမ ဖြစ်တဖြစ် ဘဝမှ အမျိုးသား စာပေဆုရ စာရေးဆရာ ဖြစ်ခဲ့သည်။ ကိုယ့်ဘဝ အပြောင်းအလဲ တွေများ နေတုန်း ရေးခဲ့သည့် ဆောင်းပါးမို့ နိဒါန်းတွေ၊ အချီးတွေမှာ ကိုယ့်အကြောင်း ကိုယ် ထည့်ထည့် ရေးတာ တွေ မကြာခဏပါ နေသည်ကို တော်တော် သည်းညည်းခံ ဖတ်ရမည့် ဆောင်းပါးပါ။ သည်အချိန် အထိ သည်းညည်းခံ စိတ်ရှည်ရှည် ဖတ်လာ ခဲ့သည့် ချစ်လှစွာ သော စာဖတ် ပရိသတ် တို့ကို တောင်းပန်ရင်း ကျေးဇူးတင် စကား ဆိုပါ ရစေ။
ကျန်းမာရေး မဂ္ဂဇင်း မဟုတ်ပါ ဘဲနှင့် လဆန်းတာနှင့် ဆောင်းပါး မှန်မှန် လာတောင်း ၍ ဖော်ပြ ပေးတတ်သော Perfect အဖွဲ့သားများကို လည်း ကျေးဇူးတင် ပါသည်။ သည်လူတွေ လုံးချင်း ထုတ်ကြ ဦးမှာပါ။ အားပေး ကြပါဦး။
စိန်တုံးကြီးများ အရောင် တဖျတ်ဖျတ် ခါနိုင် ကြပါစေ…။

ဆန္ဒမွန်ဖြင့်
ဒေါက်တာရဲ (ကလေးအထူးကုဆရာဝန်)

Credit To : perfectmagazine

ဆက်ဖတ်ရန်...

ပေါက်ကရ ကောက်စားသည့် စိန်တုံးကြီး ။  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။

စိန်တုံးကြီးများ အကြောင်းလည်း နှစ်သက်ကြသည် ကြား၍ ဝမ်းသာရသည်။ အရင် `ဒါစိုးရိမ်စရာလား´ တော့ ရတာသိုက် အုပ်စုက လုံးချင်းစီစဉ်နေတာ တော်တော် ခရီးရောက်နေပြီ ဆိုပဲ။ စိန်တုံးကြီးလည်း ဆက်ထုတ်မည်တဲ့။ ဖြည်းဖြည်းပေါ့။ အေးအေးဆေးဆေး ခပ်ရှည်ရှည်လေး ရေးပါရစေဦးဟု ပြောထားသည်။

အမှန်ကတော့ ဒေါက်တာရဲလည်း အလုပ်ရှုပ်နေတာပါ။ မန္တလေးရောက်လာတာ တစ်လကျော်ပြီဆိုတော့ သည်က ဘွဲ့လွန်သင်ကြားရေး ကိစ္စတွေများတွင် ရင်ညွန့်လောက် နစ်နေပြီ။ စာသင်တာက တစ်သက်လုံး ဝါသနာပါခဲ့၊ စာသင်ကောင်းပါသည် ဆိုသည့် နာမည်လည်း ရခဲ့ပေမယ့် ဘွဲ့လွန်ကျောင်းသားက နောက်ဆုံးနှစ် ဆေးကျောင်းသား စာသင်သလို ဖုတ်ဖက်ခါထသွားပြီး သင်လို့မရ။ စာဖတ်ရသည်။ အင်တာနက်လည်း ဝင်ရသည်။ မှတ်စု ထုတ်ရသည်။ မျက်မှန်ပါဝါ ပြန်တက်လောက်အောင် ကွန်ပျူတာရှေ့ ထိုင်ရသည်။ သည်တော့ စာရေးဖို့ အချိန်က နည်းလာသည်။ `လင်္ကာရည်ကျော်´ ကိုလည်း ဒီနည်းတဲ့ အချိန်တွေထဲကပဲ ဖဲ့ပေးရသေးသည်။ ဝထ္ထုတိုတွေက စိတ်ပါမှ ကောက်ရေးလို့ ဖြစ်သည်။ (ဒါတောင် စိတ်က အမြဲပါနေ တာပါပဲ။) Family က ဒုတိယမြောက် အခန်းဆက်ဝထ္ထုရှည် `ဒေါက်တာရွှေသွေး နှင့် မပန်းဝတ်မှုန်´ ကို ပန်းချီဆရာ မီအောင်၊ တစ်လ မပြတ်သွားရအောင် အမီရေးရသည်။ ဒေါက်တာရဲကတော့ အခန်းဆက် လစဉ်ဆောင်းပါး ယူထားမိတာက မဂ္ဂဇင်းလေးစောင်၊ အပတ်စဉ် ခေါင်းညိတ်မိတာက ဂျာနယ် တစ်စောင်ဆိုတော့ အမြဲလောတာ ခံနေရတော့သည်။

ဆရာဝန် အပေါင်းအသင်းတွေနှင့် ဆုံတိုင်း မေးနေကျ စကားက `ခင်ဗျား ဘယ်အချိန် စာသွားရေးလဲ´ ဟူ၏။
ဒေါက်တာရဲ အဲဒါကြောင့် ဂေါက်မရိုက်တော့တာပါ။ ဒေါက်တာ အောင်ကျော်မြင့်၏ `ကျွန်တော် ဒေါက်တာ ဂေါ့လဖာ´ ဆောင်းပါးများကိုတော့ နှစ်သက်စွာ မှန်မှန် စောင့်ဖတ်သည်။ (ရယ်ရတာကိုး)။ သူ့ဘဝက ပျော်စရာကြီးဟု အားကျသည်။ ကိုယ်ကတော့ ကိုယ့်ဘဝနှင့်ကိုယ် ပျော်စရာ recreation တွေကို အချိန်သတ်သတ် မပေးနိုင်သဖြင့် စာရေးတာကိုပဲ recreation အဖြစ် သဘောထာရသည်။အပျော်နှင့်ရေးတော့ စာတွေက ပေါ့ပေါ့ပါးပါးနှင့် ဖြစ်ကုန်သည်။ ဒါကိုပဲ `သည်စတိုင်´ ကို သဘောကျသည် ပြောကြမှ တော်ပါသေးရဲ့ဟု `ဟင်း´ ချရသည်။ အရင်လက ပြဿနာရှာသည့် စိန်တုံးကြီးများ အကြောင်း ရေးခဲ့တော့ သည်လ တစ်ဆက်တည်းဖြစ်အောင် `ပေါက်ကရလုပ်သည့် စိန်တုံးကြီးများအကြောင်း´ ရေးပါရစေ။

ယခင်လက ဆောင်းပါးတွေ မဖတ်ဖူးသူတွေ အတွက်ကတော့ စိန်တုံးကြီးဆိုသည်မှာ ကျွန်တော့ အစ်ကိုကြီးသဖွယ် ချစ်ခင်လေးစားရသော ပါမောက္ခ ဦးဖေသက်ခင် (ဌာနမှုး၊ ကလေးကျန်းမာရေး ပညာဌာန၊ မန္တလေးဆေးတက္ကသိုလ်)က သူ့သား(ယခု ဆေးကျောင်းသား) အသက် တစ်နှစ်မှ သုံးနှစ်အရွယ်တုန်းက နောက်မှ တစ်ချိန်လုံး လိုက်ဆွဲနေရသဖြင့် `လက်လက်ထ´ နေသည်ဆိုသောစကားကို ကိုယ့်ကလေးအား မပြောရက်သဖြင့်`စိန်တုံးကြီး´ဟု တင်စားခေါ်ဝေါ်ရာက ကျွန်တော်က သဘောကျပြီး အသက်တစ်နှစ်ကျော်၊ တတောက်တောက် ပြေးသည့် အရွယ်မှစ၍ ကျောင်း၊ မူကြိုမတက်ခင် အရွယ်အထိ ကလေးများကို ကင်ပွန်းတပ် လိုက်တာပါ။ အင်္ဂလိပ် ဝေါဟာရမှာတော့ Toddler ဆိုတာရှိပြီး မြန်မာစကားလုံး သတ်သတ်ရှာ မတွေ့သေးလို့ပါ။

ပေါက်ကရ ကောက်စားသည့် စိန်တုံးကြီး
အသက် ၆ လ အရွယ်မှစ၍ တစ်နှစ်ကျော်ကျော် အရွယ်အထိ ဘယ်ပစ္စည်း ဘယ်အရာဝထ္ထုကိုမဆို ပါးစပ်ထဲ ကောက်ထည့်သည့် နည်းဖြင့်သာ စူးစမ်း လေ့လာတတ်သည့် ကလေး တစ်ယောက်ကို စားစရာမဟုတ်တာ ပါးစပ်ထဲကိုထည့်၍ ဘယ်သူမှ အံ့သြ စိတ်ပူကြမည် မဟုတ်ပါ။ အသက် သုံးနှစ်သားလေး တစ်ယောက်က ခေါက်ထားသည့် ကော်ဇော၊ လွင့်ပစ်ထားသည့် စက္ကူလုံး အစရှိသည်တို့ကို ကိုက်ဝါးနေလျှင်တော့ ကိုယ့်ကလေး စိတ်များ ဖောက်ပြန်သွားပြီလား ဟုဆိုကာ စိတ်ပူကြမည် အမှန်ပင်။

အန္တရာယ်ရှိလားဟု မေးရင်တော့ သူ ကောက်ဝါးသည့် ပစ္စည်းပေါ် မူတည်ပါသည်ဟု ပြောရမည်ပင်။ ကောက်ဝါးသည့် အရာက လည်ချောင်းထဲဝင်လျှင် တစ်ဆို့နေတတ်သည့် ပြဿနာအကြောင်းလည်း ကျွန်တော်ရေးခဲ့ ပြီးပြီ။ စိန်တုံးကြီးတစ်တုံး ကိုယ့်အိမ်မှာ ရှိနေလျှင် စစ်သူကြီးတစ်ယောက် စစ်ပြင်ဆင် နေသည်ကို လှည့်လည် ကြည့်ရှုစစ်ဆေးသလို ကိုယ့်အိမ်ကိုယ် လှည့်ပတ်ကြည့်ရှုစစ်ဆေးပြီး ကလေးအတွက် အန္တရာယ်ကင်းသော ပတ်ဝန်းကျင် ဖြစ်အောင် ကြိုတင်ပြင်ဆင် ထားရမည်ဟုကျွန်တော်ရေးဖူးပါသည်။

သည်တစ်ခေါက် ဆွေးနွေးချင်သည်က ဘာလို့ သူတို့အဲဒီလို လုပ်ကြသလဲ ဆိုတာပါ။ ဒါ… စိတ်ရောဂါမဟုတ်ပါ။ ဘာသတ္တဝါမှ ဝင်စားလို့လည်း မဟုတ်ပါ။ သူ့အရွယ်နှင့်သူ ဖြစ်တတ်တာမျိုးပါ။ ကလေးတိုင်း မဟုတ်ပေမယ့် တချို့လုပ်တတ်ပါသည်။

သူတို့စိတ်ထဲမှာ တစ်ခုခု တင်းကျပ်လာသည့်အခါ၊ ပတ်ဝန်းကျင်တွင် အပြောင်းအလဲတွေ များလွန်းနေသဖြင့် သူတို့စိုးရွံ့လာသည့်အခါ သူတို့ စိတ်ထဲက ခံစားချက်ကို ပါးစပ်နှင့် ပြည့်ပြည့်စုံစုံ ပြောမပြတတ်သည့် အရွယ်မို့ ဟန်ပန်အမူအရာနှင့် ပြကြတာပါ။

ဒေါ့ဖ်ဘယ်ရီ အမည်ရှိ ပုဂ္ဂိုလ်က `လူဟာ တစ်သက်မှာ တစ်သက်မှာ တစ်ခါပဲ ငယ်ရွယ်နုပျို နိုင်ပါတယ်။ မပြည့်ဝတာ၊ မရင့်ကျက်တာကတော့ တစ်သက်လုံးလည်း ဖြစ်ချင်ဖြစ်တာပါပဲ´ ဟု ပြောဖူးပါသည်။ လူကြီးတွေ ခဲတံ ကိုက်နေတတ်တာ မြင်ဖူးပါသလား။ ကျောင်းနေသည့်အရွယ်၊ ကလေး ခပ်ကြီးကြီးတွေ ကိုယ့်ဘာသာကိုယ် လိမ်လိမ်ဆွဲနေတာ မြင်ဖူးပါသလား။ အဲဒါတွေက စိတ်တင်းကျပ်လို့ လုပ်နေကြတာပါ။ ကျောင်းမနေသေးတဲ့ အရွယ်ကလေးက ကော်ဇောကြီး ကိုက်ဝါးနေတာ အဲဒါတွေနဲ့ သဘောချင်း အတူတူပါပဲ။ ရှားရှားပါးပါး သံဓာတ် ချို့တဲ့သည့် ကလေး တစ်ချို့လည်း လုပ်တတ်ပါသည်။

ခေါင်းကို တစ်ခုခုနှင့် ဆောင့်ဆောင့်ပစ်တတ်သည့် စိန်တုံးကြီး ဒါလည်း ပုံမှန်ဖြစ်နိုင်ပါသည်။ အသက် ၆ လခန့်က စတတ်ပါသည်။ ၂ဝ ရာခိုင်နှုန်းသော ကလေးတို့က ကိုယ်ကို လှုပ်စိလှုပ်စိ လုပ်နေတတ်ပြီး ၆ရာခိုင်နှုန်းသော ကလေးတို့က ခေါင်းကို ဆောင့်ဆောင့်ပစ်တတ်ပါတယ်။ များသောအားဖြင့် သူ့ကိုယ်သူ တကယ် ထိခိုက် နစ်နာသွားအောင်၊ ဥပမာ ခေါင်းထဲက ဦးနှောက်ကို ထိခိုက်သွားလောက်အောင် သူတို့ မဆောင့်တတ်ကြပါ။ အဲသလောက် ပြင်းထန်အောင် ဆောင့်ဆောင့်နေတတ်သည့် ကလေးဆိုလျှင် ပုံမှန်မဟုတ်ပါ။ ကလေးစိတ်ပညာရှင်နှင့် တိုင်ပင်ရပါမည်။ ကျန်ကလေးတွေကတော့ မူကြိုတတ်သည့် အရွယ်လောက်တွင် သူ့ဟာသူ ပျောက်သွားကြပါသည်။ ခန္ဓာကိုယ်ကို လှုပ်လှုပ်စိစိ လုပ်တတ်ကြသည့် ကလေးများကတော့ အိပ်ပျော်ခါစ သို့မဟုတ် နိုးခါစတွင် လုပ်တတ်ပါသည်။ စိုင်းစိုင်းခမ်းလှိုင် သီချင်း ကြားလျှင်လည်း လှုပ်ကောင်းလှုပ်ပါ လိမ့်မည်။ အသက်ကြီးလျှင် များသောအားဖြင့် သုံးနှစ်ခန့် ရောက်လျှင် ငြိမ်သွားတတ်ပါသည်။ သီချင်းနှင့် လှုပ်တာကတော့၊ အင်း…သိကြတဲ့အတိုင်း…။

လက်သည်းကိုက်သည့် စိန်တုံးကြီး
ဘာ…စိန်တုံးကြီးအမေ ကရော ကိုက်သတဲ့လား။ ဒါဆိုရင်တော့ ဒေါက်တာရဲလည်း မကယ်နိုင်ပါ။ အစတည်းက ဒီလက်သည်းက ဘာလို့ ထားရသေးသလဲ။ ဒေါက်တာရဲကတော့ ကလေးအမေတွေ လက်သည်းရှည် အလှမွေးတာတွေ တွေ့တိုင်း (လှလှပပ) ဆူသည့်သူပါ။

လက်သည်းအောက်က မမြင်ရသော ကြေး(ဂျီး)တွေထဲမှာ သန်းဥတွေ၊ ဝမ်းလျှောရောဂါပိုးတွေ ရှိနေနိုင်တာ မကြောက်ဘူး၊ မရွံ့ဘူးထား…။ ခြစ်မိမှာ၊ ရှမိမှာတော့ ကြောက်သင့်ပါသည်။ HIV ရောဂါပိုး၊ အသည်းရောင် ဘီ၊ စီ အစရှိသော ပိုးများ မိမိ ပတ်ဝန်းကျင်နှင့် မိမိ ကလေး၏ ပတ်ဝန်းကျင်တွင် အမြဲရှိနေတတ်ပါသည်။

ခြစ်ရာ၊ ရှရာ၊ အစင်းကြောင်း တစ်စုံတစ်ရာမှ မရှိသော အရေပြားသည် အားအကိုးရဆုံး ခံတပ်ကြီးပါ။ မျက်စိ၊ နှာခေါင်းနေရာများရှိ အသားနုများပေါ်သို့ ထိုပိုးများ ထိတွေ့ပါက ခန္ဓာကိုယ်ထဲ ဝင်သွားနိုင်ပါသည်။ အရေပြားပေါ် ထိတွေ့ချိန်တွင် အရေပြားမှာ ခြစ်ရာ၊ ရှရာလေးများ ရှိနေပါကလည်း ဝင်သွားနိုင်ပါသည်။ ကိုယ့်လက်သည်းက ကိုယ့်လက်ချောင်း အပြင် ကျွံထွက်နေသူက ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်ကလေးနှင့် ကိုယ့်ယောက်ျားကိုပါ ခြစ်မိ၊ ရှမိ လုံးဝ မဖြစ်နိုင်ဟု ဘယ်လိုလုပ် အာမခံနိုင်ပါမည်နည်း။ ကံမကောင်းလျှင် အမေ့ပေါင်ပေါ်မှာ ငိုနေသော ကလေးကို လုစမ်းရင်းက ကလေးအထူးကု ဆရာဝန်လည်း အမေ့လက်သည်း အကြိမ်ကြိမ် ရှဖူးပါတယ်။

ထားပါတော့လေ…။ လက်သည်းရှည် ဆန့်ကျင်ရေးသမား ဆိုတော့ ကြုံတိုင်းရေးမိတာပါ။

ကလေးတွေ လက်သည်း ကိုက်တာကတော့ သူတို့ စိတ်လေးတွေ ပင်ပန်းနွမ်းနယ်နေလျှင် ကိုက်တတ်ပါသည်။ ထိပ်လန့်နေလျှင်လည်း ကိုက်တတ်ပါသည်။ ပျင်းရိ ငြီးငွေ့နေလျှင်လည်း လုပ်တတ်ပါသည်။ အဲဒါတွေ ဖြစ်နေလျှက်နှင့် တွေ့ကရာ ကောက်ဝါးတာနှင့် ခေါင်းကို တစ်ခုခုနှင့် မဆောင့်တတ်တာကတော့ ကျေးဇူးတင်စရာ။

ပျောက်စေချင်ရင်တော့ ဒီနည်းလမ်းတွေထဲက တစ်ခုခုနှင့် စမ်းကြည့်ပါ။

(၁) လက်သည်းကိုက်တာထက် ဘေးကင်းသည့် လုပ်စရာ တစ်ခုခုပေးထားပါ။ ဥပမာ ညှစ်လိုက်လျှင် တကွိကွိမြည်သည့် ရာဘာဘောလုံးပေးထားတာမျိုး။
(၂) လက်သည်း ကိုက်မိမည် ကြံတိုင်း တစ်ကနေ တစ်ဆယ်ထိ ရေတွက်ခိုင်းပါ။
(၃) လက်သည်း ကိုက်မည်ဆိုလျှင် သူ့အခန်းလေးထဲမှာပဲသူ သွားနေစေပြီး ပေးကိုက်တာမျိုး စမ်းကြည့်ပါ။
(၄) လက်သည်းကို လှလှလေး ဆိုးထားပေးပါ။ (မိန်းကလေးများ အတွက်ပါ။ ဆရာက လက်သည်းရှည် မှပေးမထားဘဲ…ဟု ကြုံတုန်း ဆင်ခြေမတတ်ပါနှင့်။ လက်သည်းက မရှည်လည်းဆိုးလို့ ရပါသည်။ အသက် ၄ဝကျော် ယောက်ျားကြီးတစ်ယောက်၏ ယူဆချက်ကို စိတ်ဝင်တစား နားထောင်ချင်ပါသည် ဆိုလျှင်တော့ ကလေးတွေပဲဖြစ်ဖြစ်၊ မိန်းမပျိုလေးတွေပဲ ဖြစ်ဖြစ်၊ လက်သည်းလေး သန့်သန့်ရှင်းရှင်း ထားရုံပဲ ဖြစ်ဖြစ် ပေါလစ်တင်တင်၊ ဆေးဆိုးဆိုး၊ ပန်းဖော်ဖော် လှသည်ဟု ထင်တတ်ကြပါသည်။ ရှည်စရာ မလိုပါ။)

လက်မ စုပ်သည့် ကလေး
ဒါက အခက်ဆုံး ပြဿနာ ဖြစ်ကောင်းဖြစ်မည်။ ဒေါက်တာ အေရီဘရောင်းကတော့ လက်မစုပ်သည့် ပြဿနာကို လက်မရှိနေသရွေ့ မလုပ်အောင်လုပ်သည့်နည်း မရှိဟု ဆိုသည်။ လက်မစုပ်တော့ လက်သည်းကြားက ပိုးမွှားတွေစုပ်သည့် ပြဿနာကလည်း ရှိနေမည်ပင်။ သို့ပေမဲ့ မတတ်နိုင်တာက ဘာပဲဖြစ်ဖြစ် မတတ်နိုင်တာပဲ။ သတင်းကောင်းကတော့ သူငယ်တန်း စတတ်ချိန်လောက်တွင် သည်အကျင့် အလိုလို ပျောက်သွားတတ်ပါသည်။

စိန်တုံးကြီးဆိုသည့် နာမည်ကိုက လက်လက်ထနေလို့ ပေးတာပါ။ သည်တော့ စိန်တုံးကြီးတွေ ပေါက်ကရ လုပ်သမျှသာ ရေးရလျှင် သည်တစ်လနှင့်တော့ မပြီးနိုင်။

ယခင်လက ရေးသလိုပင် ကိုရီးယားမင်းသား၊ မင်းသမီးအကြောင်းတို့၊ အလှအပရေးရာတို့ နေရာပေးရ ဦးမည်။ လင်္ကာရည်ကျော်ကတော့ ယခင်လက ပါပြီးပြီမို့ ဒီဇင်ဘာကျမှ နေရာပေးရမည် ကြားသည်။

ဒီတစ်လတော့ နားပါရစေဦး။ ရှေ့လကျမှ သည့်ထက် ထူးဆန်းတာလေးတွေ ရေးပါဦးမည်။ စာဖတ် ပရိတ်သတ် မိဘများက ရေးစေချင်တာ ရှိရင်လည်း Perfect က တဆင့် တောင်းဆို နိုင်ပါသည်။

စိန်တုံးကြီးများ ဘဝ လှပကြပါစေ။

ဒေါက်တာရဲ (ကလေးအထူးကု ဆရာဝန်)

Credit To : perfectmagazine

ဆက်ဖတ်ရန်...