လူတိုင်း လူတိုင်း ကိုယ့်ဆံပင်ကို တကယ်တတ်ကျွမ်း နားလည်တဲ့လူ နဲ့  ညှပ်ချင်ကြမှာပါ။
အခုရောက်ခဲ့တဲ့ နေရာလေးက.......
အရင် ရန်ကုန် မြရိပ်ညို ဟိုတယ် မှာဖွင့်ခဲ့ပြီး အောင်မြင်တဲ့ Beauty Salon တခုပါပဲ ။
တကယ်တတ်ကျွမ်းနားလည်တဲ့ Professional က ညှပ်ပေးမှာပါ ။
ဈေးနှုန်းကလဲ မများပါဘူး ။ ကဲ ဘာလိုသေးလဲ ..... ?
အားလုံး အတွက် စိတ်တိုင်းကျ အဆင်ပြေစေမဲ့ နေရာလေးကတော့ .....
ဒီနေရာ နဲ့  ဒီနေရာ မှာကြည့် ပါ။
မသွားခင်မှာ ဖုန်း ပဲဆက်ဆက် SMS ပဲပို့ ပို့  ကြိုပြီး ချိန်းတော့ အဆင်ပိုပြေတာပေါ့ ။
စိတ်ဝင်စားလို့  သွားချင်တယ်ဆိုရင် .....
SINGAPORE
Mya Yeik Nyo Beauty Salon
BLK 353, WoodLands Ave 1, #12-753, Singapore 730353
Mobile: (+65) 82877217
LandLine: (+65) 64065087
YANGON
#20, Pearl Road, Bahan Township, Yangon, Myanmar.
Tel: (+95-1) 548310 to 548317 Ext: Beauty Salon
Fax: (+95-1) 548318
E-mail: DesnieMichelleSalon@gamil.com
Woodlands Interchange ကနေ လမ်းလျှောက် သွားရင်လဲ ရပါတယ် ။
ကား စီးသွား ချင်ရင်တော့ ....
Berth 12 မှ Bus 912 (Blue) စီးပါ။
၃ မှတ်တိုင်မြောက်တွင် ဆင်းပါ ။
ဒီ Jean Template လေးကို ပြောင်းချင်တဲ့ ရောဂါက လွန်ခဲ့တဲ့ ၂ပါတ်လောက်က စရတာပါ။
ပြောင်းသာပြောင်းချင်တာ ၊ ဘာမှနားမလည်တော့ ခက်သားလား ။ မနေနိုင်တဲ့ အဆုံးမှာတော့ ....
အရဲစွန့် ပြီးပြောင်းကြည့်တာ ၊ မိုးလင်းသွားပါလေရော ။ ကံကောင်းတာကတော့ အဆင်ပြေသွားတာပါပဲ ။
ကိုယ့်ဘာသာကို အဆင်ပြေတာနော် ၊ တတ်ကျွမ်းနားလည်တဲ့ ဆရာကြီးများ ကြည့်ရင်တော့ လိုအပ်အုံးမှာပါ ။
Blog ကို စ စမ်းသပ်ထဲက မြင်ဆရာ တဦးဖြစ်တဲ့ ဆရာကိုရန်အောင် ရဲ့ ကျေးဇူးနဲ့  ဒီ Blog လေးရှင်သန်လာခဲ့တာပါ။
ခုတခါ Template ပြောင်းတော့လဲ အား အကိုးရဆုံး ဖြစ်တဲ့ မြင်ဆရာများရဲ့  site များမှာ စာဖတ်လိုက် ပြင်လိုက်နဲ့ တော်တော်လေး အဆင်ပြေသွားပါတယ်။
Help Desk ၊ ဆရာ ကိုရန်အောင် ၊ မှော်ဆရာ
တို့ အား အထူး ကျေးဇူးတင်ရှိပါကြောင်း ဒီနေရာလေး က တဆင့် ပြောကြားပါရစေ ။
ဆရာသမားလည်းဖြစ်ပြီး ၊ မိဘ အရင်းပမာ ဆုံးမ သွန်သင်ခဲ့ပေး သော အဖေ့အား ဂါရပြုပါတယ် ။
ကိုယ်ကိုတိုင် မလာရောက်ခဲ့ နိုင်ပေမဲ့ ၊ ဖိတ်စာလေးကို ကြည့် ပြီး လွမ်းမော ပီတိဖြစ်ရပါတယ် ။
စိတ်ကောင်း စေတနာ အပြည့် အ၀ နဲ့  အားလုံးအပေါ် မေတ္တာတရား ကြီးမားလှသော
အဖေ့ အတွက် ကောင်းကျိုး လိုရာဆန္ဒ များနဲ့  ပြည့် ဝပါစေ လို့ 
ဒီနေရာ လေးကနေ သာဓု ခေါ်ဆိုရင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ။
တစ်သက်စာ ခိုးတဲ့ဝှက်တဲ့ မရိုးမသားလုပ်ငန်းတွေ မလုပ်ရအောင် မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ယဉ်ယဉ်ကျေးကျေး ဆုံးမနိုင်သူအား အမေရိကန်ဒေါ်လာ ၁၀၀၀၀ ( တစ်သောင်း ) ၊ စင်္ကပူဒေါ်လာ ပေါ်က်ဈေးအတိုင်း ဆုချမည် ။
http://www.burmeseclassic.com/video4u.php?status=go&pno=1
အားလုံး အတွက် မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေ လို့  ဆုမွန်ကောင်း တောင်း လိုက်ပါတယ် ။
“တန်ခူးလဘွဲ့ 
မြန်မာနှစ်သစ်” ။
ဟောင်းရွက်ညှာ ခါလှစ်လို့ 
တာသစ်ကယ်တဲ့ နံ့ ကြိုင်။
ထုတ်ဖြူးလေဆော်က ၊
ပန်းကံ့ကော် ၀တ်မှုံကျင်း ၊
သင်းပျံ့ လို့ လှိုင် ။
ကြယ်နှစ်ပြိုင် စိတြငယ်နှင့် ၊
ငွေလသော်တာတို့  ၊
ယုဂန်ချာ တောင်တော်စွန်းမှာ ၊
ထွန်းထိန်လို့ လင်း ။
( ဖိုးသူတော်ဦးမင်း )
အကြိုက်ဆုံး ကဗျာလေးပါ။
ညိုပြာပြာ လတာပြင့်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြည်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွံ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။
ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)
တဆိပ်ဂေါင်း စုခြင်း ကိုဝါသနာပါသော သူငယ်ချင်းများအတွက် ။ ၀ါသနာတူ စုထားတဲ့ တဆိပ်ဂေါင်းတွေ ရှိရင် ပို့ ပေးပါနော် ။
မိတ်ဆွေတို့ ရေ အချိန်လေး အားရင် အပျင်းပြေ ကစားရအောင်နော် ။ သူငယ်ချင်း တယောက် Share ပေးထားတာပါ ။
အပျင်းပြေ က ဒီလိုပါ ။
Facebook Badge
မြန်မာ ပြက္ခဒိန် ။
သင့်အတွက် ဇော်ဂျီ။
အမေ့အိမ် ရဲ့  အချိန် ။
Categories
- Dr.ရဲမြင့်ကျော် ။ (9)
- Health (1)
- Photo (1)
- ကဗျာ။ (2)
- ဆုတောင်း။ (1)
- ဓါတ်ပုံ။ (5)
- ပရိတ်တော် ။ (2)
- မှတ်တမ်း။ (4)
- ဝတ္ထု များ ။ (1)
- သတင်း။ (2)
- ဟာသ။ (1)
- ဝေမျှခြင်း။ (7)
- ဗေဒင် ။ (1)